ရှီကျင့်ဖိန်သည် ပီရူးနိုင်ငံ လီမာမြို့တော်သို့ ရောက်ရှိ

(GMT+08:00)2024-11-15 06:13:12  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ၃၁ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန်နှင့် ပီရူးနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ရန်  အထူးလေယာဉ်ဖြင့် ပီရူးနိုင်ငံ လီမာမြို့တော်သို့ ရောက်ရှိခဲ့ပါသည်။

သမ္မတရှီကျင့်ဖိန်သည် လီမာမြို့ရှိ Callao လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိပြီး ပီရူးဝန်ကြီးများကောင်စီဥက္ကဋ္ဌ Adrianzen အပါအဝင် အဆင့်မြင့်အရာရှိများက လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုခဲ့ကြပါသည်။