ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပီရူးနိုင်ငံသမ္မတ Dina Boluarte နှင့် ပီရူးနိုင်ငံ လီမာမြို့တော်ရှိ သမ္မတရုံးတွင် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ပီရူးနိုင်ငံနှင့် ချစ်ကြည်ရေးအစဉ်အလာကိုတန်ဖိုးထားပြီး ပီရူးလွှတ်တော်မှ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ကို တရုတ်-ပီရူးချစ်ကြည်ရေးနေ့အဖြစ် သတ်မှတ်ထားခြင်းအား ချီးကျူးကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ ကောင်းမွန်သည်ဟု အကောင်းဘက်မှ မြင်ရကြောင်း၊ ပီရူးနိုင်ငံနှင့်အတူ တရုတ်-ပီရူးဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်ကဏ္ဍသစ်သို့ အဆက်မပြတ် မြှင့်တင်ပြီး နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လို ကြောင်း၊ မနက်ဖြန် ပီရူးနိုင်ငံတွင် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို တတိယအကြိမ် ကျင်းပမည် ဖြစ်ပြီး၊ တရုတ် နိုင်ငံအနေဖြင့် ပီရူးနိုင်ငံ၏ အိမ်ရှင်လုပ်ငန်းများကို အစွမ်းကုန်ထောက်ခံပြီး အစည်းအဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ အာရှ-ပစိဖိတ်ပူးပေါင်းဆောင် ရွက်ရေးတွင် လီမာအမှတ်လက္ခဏာကို ထပ်မံရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။