ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် ကမ္ဘာ့တရုတ်ဘာသာစကားညီလာခံသို့ ဂုဏ်ပြုလွှာ ပေးပို့

(GMT+08:00)2024-11-15 20:27:37  

    နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် ကမ္ဘာ့တရုတ်ဘာသာစကားညီလာခံသို့ ဂုဏ်ပြုလွှာပေးပို့ပြီး ကွန်ဖြူးရှပ်  တရုတ် ဘာသာစကားသင်ကျောင်း တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အတွက်လည်း ဂုဏ်ပြုထားပါသည်။

    ရှီကျင့်ဖိန်က တရုတ်ဘာသာစကားသည် တရုတ်လူမျိုး၏ နှစ်ထောင်ပေါင်းများစွာ ယဉ်ကျေးမှုဆိုင်ရာ ဉာဏ်ပညာကို သယ်ဆောင်ပြီး ယင်းသည် တရုတ်နိုင်ငံမှ ကမ္ဘာ့အတွက် ပေးပို့သည့် အရေးကြီးသော အများပြည်သူယဉ်ကျေးမှု ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့တရုတ်ဘာသာစကားညီလာခံသည် ဘာသာစကား ဆိုင်ရာ အပြန်အလှန် ကူးလူးဖလှယ်မှု တံတား၊ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တံတားနှင့် ယဉ်ကျေးမှုများကြား အပြန်အလှန် သင်ယူလေ့လာရေး တံတားကို တည်ဆောက်ပြီး လူသားကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ရေးအတွက် ပိုမိုကြီးမားသော အကျိုးပြုမှုသစ်များကို ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

    တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့တရုတ်ဘာသာစကားညီလာခံကို ထိုနေ့တွင်ပင် ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံနှင့်ဒေသပေါင်း ၁၆၀ ကျော်မှ အစိုးရအရာရှိများ၊ ကျောင်းအုပ်ကြီးများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံရှိ နိုင်ငံခြားသံတမန်များ စုစုပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။