"ဂါဇာ ပဋိပက္ခများ အဆုံးသတ်ရန် အချိန်ရောက်ပြီ" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆိုပြီး ကြောင်သူတော်ဟု အင်တာနက်သုံးသူများဆို

(GMT+08:00)2024-11-15 12:43:36  

ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့က ဘရပ်ဆဲလ်ရှိ နေတိုးဌာနချုပ်သို့ အလည်အပတ်ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က အစ္စရေးသည် ဂါဇာ ပဋိပက္ခတွင် ၎င်း၏ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်နေပြီ ဖြစ်ပြီး ဂါဇာပဋိပက္ခကို အဆုံးသတ်ရန် အချိန်ရောက်နေပြီဟု ပြောကြားခဲ့သည်။ 

Blinken ၏ အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်ပြီး Al Jazeera ရုပ်မြင်သံကြားဌာနမှ အမေရိကန်သည် စစ်ပွဲ အဆုံးသတ်ရန် တွန်းအားပေးသည်ဟု ပြောနေသည့် တစ်ချိန်တည်းတွင်ပင် အစ္စရေးအား လက်နက်များ ထောက်ပံ့ပေးအပ်သည့် မူဝါဒကို ဆက်လက်လုပ်ဆောင်နေကြောင်း မှတ်ချက်ပေးခဲ့သည်။

အင်တာနက်အသုံးပြုသူအချို့က "အမေရိကန်အစိုးရမှ 'စစ်ပွဲ အဆုံးသတ်ချိန် ရောက်ပြီ' လို့ ဆိုပေမယ့် ဘာကြောင့် အစ္စရေးအား လက်နက်များ ပေးနေသေးတာလဲ" "ဒါက အမေရိကန်ရဲ့ ထုံးစံအတိုင်း ကြောင်သူတော် အပြောအဆိုပါပဲ"ဟု ရေးသားကြသည်။