Ren'ai Reef တွင် တရားမဝင် သောင်တင်နေသော စစ်သင်္ဘောထံ ဖိလစ်ပိုင်မှ နေထိုင်မှုပစ္စည်းများ ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး တရုတ်ပင်လယ် ကမ်းခြေစောင့်ရဲတပ်ဖွဲ့၏ ပြောဆိုချက်

(GMT+08:00)2024-11-15 12:44:16  

တရုတ်ပင်လယ်ကမ်းခြေစောင့်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လျိုတယ်ကျွင်း က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဖိလစ်ပိုင်သည် အရပ်ဘက်သင်္ဘောတစ်စင်းကို စေလွှတ်ပြီး Ren'ai Reef တွင် တရားမဝင် သောင်တင် နေသော စစ်သင်္ဘောထံ နေထိုင်မှုပစ္စည်းများပို့ဆောင်ခဲ့ရာ တရုတ်ပင်လယ် ကမ်းခြေစောင့်ရဲတပ်ဖွဲ့သည် ဖိလစ်ပိုင် သင်္ဘောကို မေးမြန်းအတည်ပြုပြီး ဖြစ်စဉ်တစ်ရပ်လုံး ကို ကြီးကြပ်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ ကတိပြုချက်ကို လိုက်နာကျင့်သုံးပြီး တရုတ် နိုင်ငံနှင့် တူညီသောရည်ရွယ်ချက်အတိုင်း ပင်လယ်ပြင်အခြေအနေကို အတူတကွ ကောင်းမွန်စွာ ထိန်းချုပ်ရန် မျှော်လင့်ကြောင်း၊ တရုတ်ပင်လယ်ကမ်းခြေစောင့် ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ Ren'ai Reef အပါအဝင် နန်းဆားကျွန်းစုနှင့် အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းတွင် အခွင့်အရေးကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားပါသည်။