တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ "ငြိမ်းချမ်းရေးရထား" ဆေးအဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိ

(GMT+08:00)2024-11-15 17:21:54  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်တွင် “ငြိမ်းချမ်းရေး ရထား-၂၀၂၄” လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုပြုလုပ်မည့် တရုတ်ဆေးအဖွဲ့သည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့သို့ ရောက်ရှိခဲ့ပြီး လာအိုနိုင်ငံ တပ်ဖွဲ့များနှင့် ၁၄ ရက်ကြာ ဆေးဘက်ဆိုင်ရာ လေ့ကျင့်မှုနှင့် ကုသမှုလုပ်ငန်းများကို ပူးတွဲပြုလုပ်မည်ဖြစ်ပါသည်။ 

ယခုအကြိမ်လေ့ကျင့်မှုတွင် ငြိမ်းချမ်းရေးရထားဆေးအဖွဲ့မှ စစ်မှုထမ်းများ သည် အရေးပေါ် ကယ်ဆယ်ခြင်း၊ ခွဲစိတ်ကုသခြင်း နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ခြင်းစသည့် လေ့ကျင့်မှုများကို ဆောင်ရွက်ကြမည်ဖြစ်သည်။