CGTN ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက် - တရုတ်နိုင်ငံ၏ လှုပ်ရှားမှုဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကုစားမှုကိုဖော်ဆောင်ရာတွင် စစ်တမ်းဖြေကြားသူပေါင်း ၈၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံ၏အကျိုးထမ်းဆောင်မှုကိုချီးကျူးကြ

(GMT+08:00)2024-11-15 17:49:13  

“တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်အထွတ်အထိပ်ရောက်ခြင်းကို ဖော်ဆောင်ပြီး ၂၀၆၀ ပြည့်နှစ်မတိုင်မီတွင် ကာဗွန်ဓာတ်ပြယ်ခြင်းကို ကြိုးပမ်းဖော်ဆောင် သွားမည်” နှင့် “၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံဌာနများ၏ GDP နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်မှုသည် ၂၀၀၅ ခုနှစ်ထက် ၆၅ ရာခိုင်နှင့်အထက် လျှော့နည်းသွားမည်။” ရာသီဥတု ပြောင်းလဲမှုများကြောင့် ပေါ်ထွက်လာသည့် ကြီးမားသော စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် လက်တွေ့လှုပ်ရှားမှုဖြင့် ရာသီဥတုပြောင်းလဲမှုကို တက်တက်ကြွကြွရင်ဆိုင်နေပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကုစားမှုအတွက် ပိုမိုများပြားသည့် “တရုတ်နည်းလမ်း” ထောက်ပံ့ပေးလိုက်သည်။

China Media Group (CMG) CGTN သည် China Media Group CGTN က တရုတ်ပြည်သူ့တက္ကသိုလ်နှင့်ပူးပေါင်းကာ ခေတ်သစ် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာနမှတစ်ဆင့် တစ်ကမ္ဘာလုံး ၃၈ နိုင်ငံမှ စစ်တမ်းဖြေကြားသူပေါင်း ၇၆၅၈ ဦးကို စစ်တမ်းကောက်ယူမှုလုပ်ဆောင်ခဲ့ရာ စစ်တမ်းဖြေကြားသူပေါင်း ၈၃.၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကုစားမှုအတွက် ကြိုးပမ်းမှုနှင့် အကျိုးထမ်းဆောင်မှုကို အပြုသဘောဆောင်စွာ ချီးကျူးကြပြီး တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရာတွင် တက်ကြွစွာလုပ်ဆောင်ခဲ့ကာ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီးတည်ဆောက်ရန်အတွက် ယုံကြည်နှင့် အင်အား ထည့်သွင်းပေးလိုက်သည်ဟု ယူဆကြသည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံက အစိမ်းရောင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိသည်။ တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူပေါင်း ၈၃.၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံက ဖန်လုံအိမ်ဓာတ်ငွေ့စွန့်ထုတ်မှုကို ထိန်းချုပ်ရာတွင် အပြုသဘောဆောင်သည့် တိုးတက်မှုများ ရရှိခဲ့သည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၀.၃ ရာခိုင်နှုန်းက တရုတ်နိုင်ငံသည် သန့်ရှင်းစွမ်းအင် အခြေခံအဆောက်အအုံတည်ဆောက်မှုအပိုင်းတွင် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စံပြလုပ်ဆောင်ခဲ့သည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၀.၂ ရာခိုင်နှုန်းက တရုတ်နိုင်ငံ၏ သမားရိုးကျလုပ်ငန်းများကို အစိမ်းရောင်အသွင်ကူးပြောင်းမှု လုပ်ဆောင်သည့် လုပ်ရပ်အား သဘောတူညီကြောင်း ဖော်ပြကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၅.၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံ၏ သစ်တောစိုက်ပျိုးဖန်တီးခြင်း၊ စိမ်းလန်းစိုပြေသောဧရိယာတိုးများလာခြင်းအတွက် ကြိုးပမ်းလုပ်ဆောင်မှုများကို ချီးကျူးကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၂.၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံ၏ သန့်ရှင်းစွမ်းအင်အဖြစ် အသွင်ကူးပြောင်းမှုအား အရှိန်မြှင့်ဖော်ဆောင်မှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်သည့် ရည်မှန်းချက်နှင့် ရဲစွမ်းသတ္တိကို ဖော်ပြလိုက်သည်ဟု ယူဆကြသည်။

တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်မှုကို တက်တက်ကြွကြွ ဖော်ဆောင်သည့်တစ်ချိန်တည်းတွင် ပိုမိုများပြားသည့် “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်သည့်စွမ်းရည်ကိုမြှင့်တင်ရန် ကူညီပေးလိုက်သည်။ စစ်တမ်းကောက်ယူရာတွင် တစ်ကမ္ဘာလုံးက စစ်တမ်းဖြေကြားသူပေါင်း ၈၂.၆ ရာခိုင်နှုန်းက ဖွံ့ဖြိုးဆဲနိုင်ငံများ ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရန်အတွက် တရုတ်နိုင်ငံမှ ကူညီပေးမှုသည် တက်တက်ကြကြွရှိသည်ဟုယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၈၂.၇ ရာခိုင်နှုန်းက တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကုစားမှုအတွက် တရုတ်ဉာဏ်ပညာနှင့် နည်းလမ်းဖြင့် အကျိုးထမ်းဆောင်ပေးလိုက်သည်ဟု ယူဆကြသည်။