ရှီကျင့်ဖိန်သည် ပီရူးနိုင်ငံ လီမာမြို့ရှိ Callao လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိပြီး စာလွှာဖြင့် မိန့်ခွန်း ထုတ်ပြန်

(GMT+08:00)2024-11-15 06:14:37  

    ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပီရူးနိုင်ငံ လီမာမြို့ရှိ Callao လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိပြီး စာလွှာဖြင့် မိန့်ခွန်း ထုတ်ပြန်ခဲ့ပါသည်။

 ရှီကျင့်ဖိန်က ယခုနှစ်များအတွင်း တရုတ်နှင့် ပီရူးနှစ်နိုင်ငံဆက်ဆံမှု ဆက်တိုက် နက်ရှိုင်းစွာတိုးတက်လာကြောင်း၊ နှစ်ဖက်အကြား နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု တစ်နေ့ထက်တစ်နေ့ ခိုင်ခံ့လာပြီး အရေးကြီးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်လာကာ နှစ်နိုင်ငံပြည်သူများအတွက်  ထိရောက်သော အကျိုးစီးပွားများကို ဆောင်ကြဉ်း ပေးလာခဲ့ကြောင်း၊ နှစ်ဖက်တို့၏ လက်တွဲ ကြိုးပမ်းမှုဖြင့် ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဘက်စုံ မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှုကို အဆင့်ကဏ္ဍသစ်သို့ ဆက်လက်တက်လှမ်းစေမည် ဖြစ်ပြီး နှစ်နိုင်ငံနယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များရရှိစေရန် တွန်းအားပေးမည်ဟု မိမိယုံကြည်ပါ ကြောင်း၊ အေပက်အဖွဲ့ ၃၁ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ် သဘော အစည်းအဝေးသို့ တက်ရောက်ပြီး ဘက်အသီးသီးတို့နှင့်အတူ တံခါးဖွင့်လှစ်သော အာရှ ပစိဖိတ် စီးပွားရေး တည်ဆောက်ရန်၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ရန် နှင့် အာရှ ပစိဖိတ်ဒေသ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန်တို့ အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များပြုလုပ်ဖို့ မိမိမျှော်လင့်ပါကြောင်း ဖော်ပြထားပါသည်။