ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့ညက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပီရူး နိုင်ငံ သမ္မတ Dina Boluarte တို့သည် လီမာမြို့တော်ရှိ သမ္မတရုံး၌ Chancay ဆိပ်ကမ်း ဗီဒီယိုပုံစံဖြင့် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ရှီကျင့်ဖိန်နှင့် Dina Boluarte တို့သည် နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဌာနများမှ တာဝန်ခံများ၏ ရှင်းလင်းပြောကြားချက်များကို နားဆင်ပြီး Chancay ဆိပ်ကမ်း ပရောဂျက် ဗီဒီယိုကို အတူ ကြည့်ရှုကာ Chancay ဆိပ်ကမ်း ဖွင့်လှစ်ကြောင်းကို အတူ ကြေညာခဲ့ကြပါသည်။
ရှီကျင့်ဖိန်သည် Chancay ဆိပ်ကမ်း ချောမောစွာ ဖွင့်လှစ်ခြင်းကို ထောမနာ ပြုခဲ့ပါသည်။ ရှီကျင့်ဖိန်က ယနေ့ Chancay ဆိပ်ကမ်းသည် ခေတ်သစ်တွင် အင်ဂါ ရှေးဟောင်း လမ်းကြောင်း၏ စမှတ်သစ် ဖြစ်လာနေကြောင်း၊ Chancay ဆိပ်ကမ်း မှ ရှန်ဟိုင်းမြို့သို့ မိမိတို့ မျက်မြင်ကိုယ်တွေ့ သက်သေပြုနေသည်မှာ Belt and Road လက်တွဲ တည်ဆောက်မှု အဆိုပြုချက်ကို ပီရူးနိုင်ငံ၌ လက်တွေ့ဖော်ဆောင်နေခြင်းသာ မကဘဲ ခေတ်သစ်တွင် အာရှနှင့် လက်တင်အမေရိက ကုန်းတွင်းနှင့် ပင်လယ် လမ်းကြောင်းသစ် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။