ပီရူးနိုင်ငံသမ္မတ Dina Boluarte ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၄ရက်နေ့တွင် ပီရူးနိုင်ငံသို့ တရားဝင်ခရီးလှည့်လည်ခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် လီမာမြို့ရှိ သမ္မတရုံး၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အတူအာရုံစိုက်ကြသော ကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကျယ်ပြန့်သော သဘောတူညီမှုရရှိခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဦးနှစ်ဖက်တို့သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပီရူးသမ္မတနိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရန် ပူးတွဲကြေညာချက်” ကို ထုတ်ပြန်ခဲ့ပြီး တရုတ်-ပီရူး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မူဘောင်အတွင်း နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် နက်ရှိုင်းစေမည်ဖြစ်ပြီး ဘုံသာယာဝပြောရေးကို တည်ဆောက်မည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြခဲ့ပါသည်။