ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အေပက်အဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို ပီရူးနိုင်ငံ မြို့တော် လီမာတွင် ကျင်းပခဲ့သည်။ အေပက်၏ အဖွဲ့ဝင်စီးပွားရေးအုပ်စု ၂၁ ခုမှ ဝန်ကြီးများသည် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် ကုန်သွယ်မှုမူဝါဒများနှင့်ပတ်သက် ပြီးဆွေးနွေးခဲ့ကြသည်။
ဝန်ကြီးများအစည်းအဝေးတွင် ဖြစ်မြောက်ခြင်း၊ ပါဝင်ခြင်း၊ တိုးတက်ခြင်း ဆောင်ပုဒ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုကမ်းလှမ်းချက်အသစ်များကို ဆွေးနွေးခဲ့ ပါသည်။ ကမ်းလှမ်းချက်၏ ဦးစားပေးလုပ်ငန်းများတွင် ဒေသတွင်း စီးပွားရေး တစ်ပြေးညီစဉ်ကို မြှင့်တင်ခြင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို မြှင့်တင်ခြင်းနှင့် ရေရှည်တည်တံ့သော အားလုံးပါဝင်ပြီး ခံနိုင်ရည် ရှိသော စီးပွားရေးတိုးတက်မှု မြှင့်တင်ခြင်းဆိုင်ရာ အေပက်၏ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်သည်။