ကမ္ဘာ့တောင်ဘက်ခြမ်းတတ်သိပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်

(GMT+08:00)2024-11-15 17:21:08  

ဒုတိယအကြိမ်မြောက် ကမ္ဘာ့တောင်ဘက်ခြမ်းတတ်သိပညာရှင်များ ဆွေးနွေးပွဲ ကျင်းပသည့် အချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးဌာန ဦးဆောင်ပြီး၊ CMG၊ တရုတ်လူမှုသိပ္ပံပညာ တံခွန်အသင်းကြီး၊ ချင်းဟွာတက္ကသိုလ်၊ ဖုတန့်တက္ကသိုလ်၊ တရုတ်ပြည်သူ့ တက္ကသိုလ်နှင့် ပြည်တွင်းပြည်ပ တတ်သိပညာရှင်အဖွဲ့နှင့် တက္ကသိုလ် ၂၀၀ကျော်တို့သည် ကမ္ဘာ့ တောင်ဘက်ခြမ်း တတ်သိပညာရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို  နိုဝင်ဘလ ၁၄ ရက်နေ့က နန်ကျင်းမြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

    ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် အီဂျစ် အပါအဝင် ထွန်းသစ်စစျေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တတ်သိပညာရှင်များ၊ ပါတီကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံမှ တတ်သိပညာရှင်များ စုစုပေါင်း လူ၄၀၀ကျော်တို့ တက်ရောက်ခဲ့ကြပါသည်။