ပင်လယ်ဆားငန်စူးစမ်းလေ့လာရေးဂြိုဟ်တုကို တရုတ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-11-14 11:47:16  

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၄၂ မိနစ်တွင် တရုတ်နိုင်ငံသည် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် လောင်းမတ်ခ်ျ အမှတ် ၄ (ခ) Y-၅၃ သယ်ဆောင်ဒုံးပျံဖြင့် ပင်လယ်ဆားငန်စူးစမ်းလေ့လာရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ သယ်ဆောင်ဒုံးပျံသည် ပုံမှန်ပျံသန်းပြီး ဂြိုဟ်တုကို သတ်မှတ်ထား သောပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ပို့ဆောင်နိုင်၍ လွှတ်တင်ရေးတာဝန် ပြီးပြည့်စုံ အောင်မြင်ကြောင်း တရုတ်နိုင်ငံတော်အာကာသရေးရာဌာနမှ ထုတ်ပြန်သောသတင်း အရ သိရှိရပါသည်။