အငြင်းပွားမှုတိုးပွားစေနိုင်သော တစ်ဖက်သတ်လုပ်ဆောင်ချက်များကို ချက်ချင်းရပ်စဲရန် ဖိလစ်ပိုင်နိုင်ငံအား တိုက်တွန်းသည်ဟု ဖိလစ်ပိုင်ဆိုင်ရာတရုတ်သံအမတ်ကြီး ဆို

(GMT+08:00)2024-11-14 11:56:05  

    နိုဝင်ဘာလ ၁၃ရက်နေ့က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Huang Xilian သည် ဖိလစ်ပိုင်ဘက်မှ လက်မှတ်ရေးထိုးသော “ပင်လယ်ပိုင်နက်ဥပဒေ” နှင့် “ကျွန်းစု ပင်လယ်လမ်း ဥပဒေ”တို့နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအား တည်ကြည် လေးနက်စွာ အရေးဆိုခဲ့ကာ တရုတ်နိုင်ငံမှ ချမှတ်ထုတ်ပြန်သော ဟွမ်ယန်ကျွန်း၏ ပင်လယ်ပိုင်နက် baselineနှင့်ပတ်သက်၍ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ ၎င်းက ယင်းသည် ဖိလစ်ပိုင်မှ “ပင်လယ်ပိုင်နက်ဥပဒေ” ထုတ်ပြန်ခြင်းအပေါ် လိုအပ်သော တုံ့ပြန်မှု ဖြစ်ပြီး တရုတ်အစိုးရအနေနှင့် ဥပဒေအရ ပင်လယ်ကို အားဖြည့်စီမံခန့်ခွဲရန် ပုံမှန် ဆောင်ရွက်ချက်ဖြစ်ကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေအရ လိုအပ်သောဆောင်ရွက်ချက်များကို ဆက်လက် ကျင့်သုံးမည်ဖြစ်ပြီး ကိုယ့်ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း၊ တောင်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အငြင်းပွားမှုတိုးပွားစေနိုင်သော၊ အခြေအနေရှုပ်ထွေးစေနိုင်သော တစ်ဖက်သတ် လုပ်ဆောင်ချက်များကို ချက်ချင်းရပ်စဲရန် ဖိလစ်ပိုင်နိုင်ငံအား မိမိတို့တိုက်တွန်းကြောင်း အလေးထားပြောကြားပါသည်။