တာလတ်ပစ်ဒုံးကျည်စနစ် ဖိလစ်ပိုင်က တင်သွင်းခြင်းမှာ ရန်စမှုနှင့် အန္တရာယ်လုပ်ရပ်ပင် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-11-14 19:10:33  

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံတွင် တာလတ်ပစ်ဒုံးကျည်များ ချထားခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် ပြတ်ပြတ်သားသားဆန့်ကျင်သည့် ရပ်တည်ချက်ကို ကြိမ်ဖန်များစွာဖော်ပြခဲ့ပြီ ဖြစ်ကြောင်း၊ မိမိအနေဖြင့် တာလတ်ပစ်ဒုံးကျည်စနစ် ဖိလစ်ပိုင်နိုင်ငံက တင်သွင်းခြင်းမှာ ဒေသအပြင် အင်အားများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်း တင်းမာမှုများဖန်တီးရန်၊ ပထဝီ အနေအထားထိပ်တိုက်ရင်ဆိုင်မှုနှင့် လက်နက်ယှဉ်ပြိုင်မှုများ နှိုးဆော်ရန် ရန်စမှုနှင့် အန္တရာယ်လုပ်ရပ်ပင် ဖြစ်ကြောင်း၊ မိမိနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ပြည်သူများ၊ သမိုင်းနှင့် ဒေသတွင်းလုံခြုံရေးအတွက် တာဝန်မယူတတ်သော ရွေးချယ်မှုပင် ဖြစ်သည်ဟု ထပ်လောင်းပြောကြားလိုကြောင်း၊ မိမိဒေသတွင် တာလတ်ပစ်ဒုံးကျည်နှင့် ထိပ်တိုက် ရင်ဆိုင်မှုကို မလိုလားဘဲ ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးကို လိုလားကြောင်း၊ ဖိလစ်ပိုင်က ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ တောင်းဆိုချက်ကို နားထောင်ပြီး မှားယွင်းသောလုပ်ရပ်များကို အမြန်ဆုံးပြင်ပေးကာ အရင်တုန်းက ကတိပြုချက်အတိုင်း တာလတ်ပစ်ဒုံးကျည်စနစ်ကို ရုပ်သိမ်း၍ မှားယွင်းသော လမ်းကြောင်းပေါ်တွင် ဆက်လက်မလျှောက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။