အစ္စရေးစစ်တပ်သည် ၂၀၂၅ ခုနှစ် နှစ်ကုန်ထက်မနည်း ဂါဇာဒေသ၌ တပ်စွဲမည်ဟု အစ္စရေးမီဒီယာဆို

(GMT+08:00)2024-11-14 11:47:53  

သက်ဆိုင်ရာ သတင်းအချက်အလက်အရ အစ္စရေးစစ်တပ်သည် ၂၀၂၅ခုနှစ် နှစ်ကုန်ထက်မနည်း ဂါဇာဒေသ၌ တပ်စွဲရန် ပြင်ဆင်နေကြောင်း အစ္စရေးမီဒီယာများက ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်များအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် လေ့ကျင့်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့ပြီး ယင်းစာရွက်စာတမ်းများတွင် အစ္စရေးစစ်တပ်သည် အနည်းဆုံး ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် ဂါဇာဒေသကို သိမ်းပိုက်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အစ္စရေးစစ်တပ်သည် ဂါဇာဒေသ၌ ကင်းစခန်းအများအပြားကို တည်ဆောက်နေပြီး လမ်းချဲ့ထွင်ခြင်း၊ အန်တန်နာ တပ်ဆင်ခြင်း၊ ရေ နှင့် ဓာတ်အား ထောက်ပံ့ရေးစနစ်များ ချိတ်ဆက်ခြင်းအပါအဝင် အခြေခံ အဆောက်အဦများကို တည်ဆောက်လျက်ရှိကြောင်း အစ္စရေး Haaretz သတင်းစာက ရေးသားဖော်ပြသည်။