UNIFIL ဝန်ထမ်းများနှင့် စခန်းများ၏ လုံခြုံရေးကို လေးစားရန် ဘက်အသီးသီးက ဆောင်ရွက်ရမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း

(GMT+08:00)2024-11-14 11:57:54  

နိုဝင်ဘာလ ၁၃ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကြေညာချက် ထုတ်ပြန်ပြီး လက်ဘနွန်တောင်ပိုင်းနှင့် အစ္စရေးနိုင်ငံတို့ကြား နယ်စပ်ရှိ အပြာရောင်မျဉ်းကြောင်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားသည့် အခြေအနေတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) စခန်းများ ထိခိုက်ခဲ့ပြီး UNIFIL ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ ဒဏ်ရာရရှိစေသည့် ဖြစ်ရပ်များအပေါ် ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် UNIFIL ဝန်ထမ်းများနှင့် စခန်းများ၏ လုံခြုံရေးကို လေးစားရန် ဘက်အသီးသီးက ဆောင်ရွက်ရမည်ဟု တိုက်တွန်းထားကြောင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများကို ပစ်မှတ်မထားရကြောင်း ဖော်ပြခဲ့ပါသည်။