ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ပြင်းထန်လာနေတာကြောင့် ရာသီဥတုစီမံ ထိန်းချုပ်ရေးအတွက် ယခုထက်ပိုမိုကြီးမားသော ရည်မှန်းချက်နဲ့ ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ China Media Group CGTN နဲ့ တရုတ်ပြည်သူ့ တက္ကသိုလ်မှ ပူးပေါင်းပြီး ခေတ်သစ်နိုင်ငံတကာဆက်သွယ်ရေးသုတေသနဌာနမှတစ်ဆင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ စစ်တမ်းဖြေဆိုသူပေါင်း ၇၆၅၈ ဦးကို စစ်တမ်းကောက် ယူခဲ့ရာ ဖြေဆိုသူ ၉၀.၃ % က ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်နေပြီး နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ သဘောတူညီမှုရယူကာ လက်တွေ့ကျသော ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေတယ်လို့ ယူဆကြပါတယ်။
စစ်တမ်းကောက်ယူမှုအရ ဖြေဆိုသူ ၈၇ % က နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံထိန်းချုပ်ရေး ဖော်ဆောင်ရန် အတွက် ပိုမိုထိရောက်သော နည်းလမ်းနဲ့လမ်းကြောင်ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တမ်းထဲမှာပဲ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖြေဆိုသူများထက် ဖွံ့ဖြိုးဆဲ နိုင်ငံများက ဖြေဆိုသူများဟာ ရာသီဥတုပြောင်းလဲမှုပြဿနာ ကိုင်တွယ်ဖြေရှင်းရေးမှာ ပြုပြင်ပြောင်းလဲရန် သဘောဆန္ဒများ ပိုရှိပြီး ပိုမိုပြတ်သားတဲ့ သံန္နိဋ္ဌာန်ဆုံးဖြတ်ချက်နဲ့ ခိုင်မာမှုများ ပြသခဲ့တာကို တွေ့ရပါတယ်။
သမိုင်းကြောင်းတစ်လျှောက်နဲ့မျက်မှောက်ကာလမှာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံးဟာ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ကြောင်း “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” မှ ထောက်ပြထားပြီး သို့ဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံဖြိုးဆဲနိုင်ငံများရဲ့ “တူညီသော်လည်း ကွဲပြားမှုရှိသော တာဝန်များ” မူကို ချမှတ်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှုတွင် ဖြေဆိုသူ ၇၅.၃ % က ဖွံ့ဖြိုးပြီးနိုင်ငံ များဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံထိန်းချုပ်ရေးကဏ္ဍမှာ ပါဝင်လိုစိတ်နဲ့ဆောင်ရွက်မှုများ နည်းပါးနေပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုခြေလှမ်းကို ပြင်းထန်စွာ အားနည်းနေစေတယ်လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၇၃.၉ % က ဖွံ့ဖြိုးပြီးနိုင်ငံများက ရာသီဥတုအကူအညီပေးရေး ကတိကဝတ်အတိုင်း မဆောင်ရွက်ပေးသည့်လုပ်ရပ်ဟာ တာဝန်မဲ့ခြင်းပဲလို့ ထင်မြင်ကြပါတယ်။ ဖြေဆိုသူ ၈၅.၈ % က ဖွံ့ဖြိုးပြီးနိုင်ငံများကို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသော ရာသီဥတုဆိုင်ရာ ငွေကြေးထောက်ပံ့မှုပေးပြီး “ပါရီသဘောတူညီချက်” ကို အကောင်အထည်ဖော်ရန် တောင်းဆိုကြပါတယ်။ ဖြေဆိုသူ ၈၉.၈ % က ဖွံ့ဖြိုးပြီးနိုင်ငံများအနေနဲ့ လူ့ပယောဂကြောင့် ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှု အန္တရာယ်အပေါ် သမိုင်းကြောင်းနဲ့လူ့ကျင့်ဝတ်ဆိုင်ရာ တာဝန်များ မဖြစ်မနေတာဝန်ယူသင့်ကြောင်း ယူဆကြပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများကို ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်မှာ ပိုမိုကြီးမားသော ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်များ ပြသသင့်ကြောင်း ဆော်ဩခဲ့ကြပါတယ်။
စစ်တမ်းကောက်ယူမှုတွင် ပါဝင်ဖြေဆိုသူများထဲမှာ အမေရိကန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံ အစရှိသော ဖွံ့ဖြိုးပြီးနိုင်ငံများက ဖြေဆိုသူများရှိသလို အာဂျင်တီးနားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကင်ညာနိုင်ငံအစရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများက ဖြေဆိုသူများလည်း ပါဝင်ကြ ပါတယ်။