တရုတ်နိုင်ငံသည် ၃၁ကြိမ်မြောက် APEC ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး အာရှနှင့် ပစိဖိတ် မိတ်ဖက်များ အတွက် ပိုမို များပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-11-14 11:44:21  

    တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တရုတ် နိုင်ငံသည် ၃၁ကြိမ်မြောက် APEC ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်မှုဖြင့် အာရှနှင့် ပစိဖိတ် မိတ်ဖက်များ အတွက် ပိုမို များပြားသည့် အခွင့်အလမ်းများကို ဖန်တီးပေးကာ တံခါးဖွင့်မှု၊ ဘက်ပေါင်းစုံ ပါဝင်မှု၊ ဆန်းသစ်တီထွင်စွာ တိုးတက်မှု၊ အပြန်အလှန် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေသော အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်လိုကြောင်း ယခုလ ၁၃ရက်နေ့က ပြောကြားခဲ့သည်။