ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက်နေ့က အမေရိကန် အရွေးခံသမ္မတ ဒေါ်နယ်ထရမ့်သည် ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် ပါတီ အထက်လွှတ်တော်အမတ် Marco Rubio အား ၎င်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။
ထို့အပြင် ထရမ့်က သူသမ္မတဖြစ်လာပြီးနောက် ဒီမိုကရက်တစ် ပါတီ အောက်လွှတ်တော် အမတ်ဟောင်း Tulsi Gabbard အား နိုင်ငံတော်သတင်းထောက်လှမ်းရေး ဌာန ဒါရိုက်တာ အဖြစ် အမည်စာရင်း တင်သွင်းပြီး ဖလော်ရီဒါပြည်နယ် ရီပတ်ဘလီကန် ပါတီ အောက်လွှတ်တော်အမတ် Matt Gaetz အား တရားရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းရန် ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။