၂၆ ကြိမ်မြောက် တရုတ် နိုင်ငံတကာ အဆင့်မြင့် နည်းပညာသစ် အောင်မြင်မှု ဆိုင်ရာ ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2024-11-14 11:46:15  

၂၆ ကြိမ်မြောက် တရုတ် နိုင်ငံတကာ အဆင့်မြင့် နည်းပညာသစ် အောင်မြင်မှု ဆိုင်ရာ ကုန်စည်ပြပွဲကို ယခုလ ၁၄ရက်နေ့က ရှင်ကျင့်တွင် ဖွင့်လှစ်ပြီး ၁၆ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းအရ သိရသည်။

       ယခုအကြိမ် ကုန်စည်ပြပွဲသည် တစ်ကမ္ဘာလုံး နိုင်ငံနှင့် ဒေသ ၁၀၀ကျော်မှ နာမည်ကျော် လုပ်ငန်း ကုမ္ပဏီနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၅ထောင် နီးပါးကို ပါဝင်ပြသရန် ဆွဲဆောင်နိုင်ကြောင်း၊ ယင်းတို့အနက် Fortune 500 ကုမ္ပဏီများနှင့် တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်းကုမ္ပဏီများ ၁၈၀ကျော် ပါဝင်ကြောင်း၊ ပြပွဲလာရောက်ကြည့်ရှုသူ ၄သိန်းရှိကြောင်း သတင်းအရ သိရသည်။