ပါလက်စတိုင်း ဂါဇာဒေသရှိ နေရာအများအပြားမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ပေးအပ် သည့် အချက်အလက်များအရ ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှ ၁၁ ရက်နေ့ ညပိုင်းအထိ အစ္စရေးစစ်တပ်သည် ဂါဇာဒေသ နေရာအများအပြားကို လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင် စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စုစုပေါင်း လူ ၃၇ ဦး သေဆုံးသွားကြောင်း သိရပါသည်။
ယခုလ ၁၁ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman က ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ် မြို့တော်၌ အာရပ်-အစ္စလာမ် အထူး ထိပ်သီး အစည်းအဝေးကို ဦးစီးကျင်းပခဲ့ရာ အစ္စရေး၏ ပါလက်စတိုင်းအပေါ် လူမျိုးသုဉ်း သတ် ဖြတ်မှုကို ပြစ်တင်ရှုတ်ချကြောင်း၊ ဂါဇာ နှင့် လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရန် အစ္စရေးအား တောင်းဆိုကြောင်း၊ အီရန်ကို တိုက်ခိုက်ခြင်းမပြုရန် အစ္စရေးအား သတိပေးကြောင်း၊ နိုင်ငံတကာမိသားစုကြီး အနေနှင့် အစ္စရေးအား “အီရန်၏ အချုပ်အခြာ အာဏာကို လေးစားပြီး ၎င်း၏ ပိုင်နက်နယ်မြေကို မကျူးကျော်ရန် တိုက်တွန်းကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။