နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက ဖိလစ်ပိုင်၏ တောင်ပင်လယ်ရေးရာဆိုင်ရာ ပြောဆိုချက်များနှင့် ပတ်သက်၍ မေးခွန်း မေးခဲ့သည်။ ယင်းနှင့် ပတ်သက်၍ လင်ကျန့် က တရုတ်-ဖိလစ်ပိုင် ပင်လယ်ရေးရာ အငြင်းပွားမှု တိုးမြင့် လာ မှုတိုင်းသည် ဖိလစ်ပိုင်၏ ကျူးလွန်မှုနှင့် ရန်စမှုများကြောင့် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်၏ ကျူးလွန်မှုသည် ပထမဦးစွာ ထွက်ပေါ်လာပြီး တရုတ်နိုင်ငံသည် မိမိ၏တရားဝင်အခွင့်အရေးများနှင့် အကျိုး စီးပွားများကို ဥပဒေနှင့်အညီ ကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ရခြင်း ဖြစ် ကြောင်း၊ အကယ်၍ ဖိလစ်ပိုင်သည် နောက်ထပ် ကျူးလွန်မှုများနှင့် ရန်စမှုများ မပြုလုပ်ပါက ပင်လယ်ပြင် အခြေအနေ သည် မတည်ငြိမ်မှုများ ထပ် ဖြစ်ပွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ ပါသည်။
တရုတ်နှင့် ဖိလစ်ပိုင်ကြား ပင်လယ်ရေးရာ အငြင်းပွားမှု တိုးလာမှုတိုင်းသည် ဖိလစ်ပိုင်၏ ကျူးလွန်မှုနှင့် ရန်စမှုများကြောင့် ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို
(GMT+08:00)2024-11-13 12:02:36