ယခုလ ၁၂ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို ကော်မတီ နိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိသည် ဘေကျင်းတွင် ရုရှား ပြည်ထောင်စု လုံခြုံရေး ကောင်စီ အတွင်းရေးမှူး Shoiguနှင့် တရုတ်-ရုရှား ၁၉ ကြိမ်မြောက် မဟာဗျူဟာ လုံခြုံရေး ညှိနှိုင်းဆွေးနွေးပွဲကို အတူတကွ ကြီးမှူးကျင်းပပြီး အတူတကွ စိတ်ဝင်စားကြသည့် အရေးကြီး မဟာဗျူဟာ လုံခြုံရေး ပြဿနာများနှင့် ပတ်သက်၍ ဘက်စုံ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ဝမ်ယိက တရုတ်-ရုရှား မဟာဗျူဟာ လုံခြုံရေး ညှိနှိုင်းဆွေးနွေးရေး ယန္တရားသည် နှစ် နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ သဘောတူညီမှု လက်တွေ့ အကောင်အထည်ဖော် ဆောင် ခြင်းကို အခြေခံအဖြစ်ထားပြီး နှစ်နိုင်ငံ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် ပတ်သက်သည့် မဟာဗျူဟာမြောက်ပြဿနာ၊ အလုံးစုံ ပြဿနာနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကာ ၊မဟာဗျူဟာဆိုင်ရာ အပြန်အလှန် ယုံကြည်မှု အဆင့် ကို အဆက်မပြတ် တိုးမြှင့်၍ ၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင် ရွက်မှု၏ အနှစ်သာရကို တိုးပွားစေသင့်ကြောင်း၊ တရုတ် နိုင်ငံသည် ရုရှားနှင့် အတူ နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားပြီး ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်း ဆောင်ရွက်မှုများကို ထိန်းသိမ်းကာ ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်၍ တရုတ်-ရုရှား ဆက်ဆံမှု အဆင့်မြင့်မားစွာ ဖွံ့ဖြိုး တိုး တက်ရေးအရှိန်ကို ထိန်းသိမ်းထားရန်အတွက် အားကောင်းသော အာမခံချက်ကို ပံ့ပိုး ပေးပြီး တစ်ကမ္ဘာလုံး မဟာဗျူဟာ တည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Shoiguက ရုရှား နိုင်ငံသည် တရုတ် နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ရရှိခဲ့သော သဘောတူညီမှုကို ကောင်းမွန်စွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းကာ ကုလသမဂ္ဂ၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၊ BRICS စသည့် ဘက်ပေါင်းစုံ ယန္တရားများတွင် ပူးပေါင်း ဆောင်ရွက် မှုများကို အားဖြည့် ပြုလုပ်၍ ရုရှား-တရုတ် ဆက်ဆံမှုကို ပိုမို ကြီးမား သည့် ဖွံ့ဖြိုး တိုး တက် မှု သစ်များ အဆက်မပြတ် ရရှိရန် တွန်းအားပေးလိုကြောင်း ပြောကြား ခဲ့သည်။