တရုတ်-လက်တင်အမေရိက ကံကြမ္မာတူအသိုက်အဝန်းမှာ လာမည့် ၁၀ နှစ်တွင် အလား အလာ ပိုမိုကောင်းလာမည် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-11-13 12:00:26  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က လွန်ခဲ့သည့် ၁၀ နှစ် အတွင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ တင်ပြခဲ့သည့် တရုတ်-လက်တင်အမေရိက နှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ ကံကြမ္မာတူအသိုက်အဝန်း ထူထောင်ရန်အဆိုပြုချက်မှာ အမြော်အမြင်မှ လုပ်ဆောင်ချက်အထိ၊ စီမံကိန်းမှ လက်တွေ့ဖော်ဆောင်မှုအထိ အောင်မြင်မှု များစွာရရှိပြီး နှစ်ဖက်ပြည်သူများအား အကျိုးခံစားစေ၍ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသရှိ နိုင်ငံများမှ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများမှ ပြည်သူများ၊ ယုံကြည်နိုင် သော မိတ်ဆွေစစ်နှင့် မိတ်ဖက်ကောင်း ဖြစ်မြဲဖြစ်နေကြောင်း၊ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ ဆက်ဆံရေးမှာ တန်းတူရည်တူ ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေကာ တီထွင်ဆန်းသစ်၍ တံခါးဖွင့်ပြီး၊ ပြည်သူများအား အကျိုးခံစားစေသော ခေတ်သစ်သို့ ဝင်ရောက်လိုက်ပြီ ဖြစ်ကြောင်း၊ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ ကံကြမ္မာတူအသိုက်အဝန်းမှာ လာမည့် ၁၀ နှစ်တွင် အလားအလာ ပိုမိုကောင်းလာမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောကြားခဲ့ပါသည်။