အောက်လွှတ်တော်ကို ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ခွင့် ရမည်ဟု အမေရိကန် မီဒီယာက ခန့်မှန်း

(GMT+08:00)2024-11-13 12:03:00  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက်နေ့က Capitol Hill သတင်းစာ အမေရိကန် ရွေးကောက်ပွဲ ခန့်မှန်းရေးအေဂျင်စီ “ ဆုံးဖြတ်ချက်ဌာနချုပ် ” မှ ခန့်မှန်းချက်အရ အမေရိကန် ရီပတ်ဘလီကန်ပါတီသည် ယခုလ ၁၁ ရက်နေ့တွင် အောက်လွှတ်တော်အမတ်နေရာ ၂၁၈ နေရာ ရရှိခဲ့သောကြောင့်  အောက်လွှတ် တော်ကို ထိန်းချုပ်ခွင့် ရမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း အေပီ သတင်းဌာနမှ ကိန်းဂဏန်းများအရ ရီပတ်ဘလစ်ကန်ပါတီသည် ယခုအခါ အောက်လွှတ်တော် အမတ်နေရာ ၂၁၄ နေရာကို ရရှိထားပြီး ထိန်းချုပ်ခွင့် ရရန် ၂၁၈ နေရာ ကို မရရှိသေးကြောင်း သတင်းအရ သိရှိရ သည်။