ရုရှားပြည်ထောင်စုလုံခြုံရေး ကောင်စီ အတွင်းဝန် Shoigu သည် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်-ရုရှား ၁၉ ကြိမ်မြောက် နှစ်ပတ်လည် မဟာဗျူဟာ လုံခြုံရေးစေ့စပ်ဆွေးနွေးပွဲနှင့် တရုတ်-ရုရှား တရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်း ဆောင် ရွက်ရေးစနစ် နဝမအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို ကော်မတီ နိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိ၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို ကော်မတီ နိုင်ငံရေးနှင့် တရားဥပဒေ ရေးရာ ကော်မရှင် အတွင်းရေးမှူး ချင်ဝင်ချိန် တို့သည် Shoigu နှင့် အသီးသီး တွေ့ဆုံမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ကြေညာခဲ့ပါသည်။
တရုတ်-ရုရှားနှစ်နိုင်ငံတို့သည် ၁၉ ကြိမ်မြောက် မဟာဗျူဟာလုံခြုံရေးစေ့စပ်ဆွေးနွေးပွဲနှင့် တရားဥပဒေစိုးမိုးရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးစနစ် နဝမအကြိမ်မြောက် အစည်း အဝေးကို ကျင်းပမည်
(GMT+08:00)2024-11-12 11:35:04