လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ပြောင်းလဲမှုနှင့် ပြန်လည်ပုံဖော်မှုကို ပြုလုပ်ရမည်ဟု ဂျပန် ဝန်ကြီးချုပ်သစ် Ishiba Shigeruဆို

(GMT+08:00)2024-11-12 10:51:49  

ဒေသ စံတော်ချိန် ယခုလ ၁၁ရက်နေ့ ည ၁၀နာရီက ဂျပန် ဝန်ကြီးချုပ်သစ် Ishiba Shigeruသည် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ပြီးနောက် ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် Ishiba Shigeruက တင်းမာနေသော အောက်လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို ရင်ဆိုင်ရန် အတွက် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ပြောင်းလဲမှုနှင့် ပြန်လည်ပုံဖော်မှုကို ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ရန်ပုံငွေနှင့် ပတ်သက်၍ Ishiba Shigeruက အခြား နိုင်ငံရေး ပါတီများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ယခုနှစ် နှစ်ကုန် မတိုင်မီတွင် လိုအပ်သော ဥပဒေပြုရေး ဆောင်ရွက် ချက်ကို ပြုလုပ်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။