နိုဝင်ဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် “ကမ္ဘာ့တောင်ဘက်ခြမ်း” (Global South) မီဒီယာ တတ်သိပညာရှင်များ အဖွဲ့ အဆင့်မြင့်ဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပို့ပေးခဲ့ပါသည်။
ရှီကျင့်ဖိန် ၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် လက်ရှိ “ကမ္ဘာ့တောင်ဘက်ခြမ်း” သည် အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး လူသားတို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပိုမိုအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရုတ်နိုင်ငံသည် “ကမ္ဘာ့တောင်ဘက်ခြမ်း” ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်မြဲဖြစ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ထာဝရဖြစ်သဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ အများစုနှင့် အတူ စစ်မှန်သော ဘက်ပေါင်းစုံမူဝါဒကို အကောင်အထည်ဖော်ရန်၊ တန်းတူရည်တူဖြစ်ပြီး စနစ်တကျဖြစ်သော ကမ္ဘာကြီး ဝင်ရိုးစုံတိုးတက်ခြင်း၊ အားလုံးပါဝင်ပြီး အကျိုးခံစားနိုင်သော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးတိုက်တွန်းရန်၊ လူသား ကံကြမ္မာတူအသိုက်အဝန်း ထူထောင်ဖို့ လက်တွဲတွန်းအားပေးရန် ဆန္ဒရှိကြောင်း ဖော်ပြ ထားပါသည်။
“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာတတ်သိပညာရှင်များ အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့တွင် စတင်ကျင်းပခဲ့ပါသည်။ ထိုနေ့တွင် ဘရာဇီး နိုင်ငံသမ္မတ Lula သည်လည်း ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပို့ပေးခဲ့ပါသည်။
ရှီကျင့်ဖိန် မှ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာတတ်သိပညာရှင်များ အဖွဲ့ အဆင့်မြင့် ဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပို့ပေး
(GMT+08:00)2024-11-12 11:36:09