အောက်ပါဓာတ်ပုံဟာ ပီရူးနိုင်ငံ လီမာမြို့တော်ရှိ APEC ထိပ်သီးအစည်းအဝေးကျင်းပရာနေရာ ဖြစ်သည့် လီမာ ကွန်ဗင်းရှင်းစင်တာဖြစ်ပါသည်။ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(APEC) ၏ အဖွဲ့ဝင်၊ စီးပွားရေး အုပ်စု ၂၁ခုမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် အခြားသော စီးပွားရေးလောကမှ ဧည့်သည်တော်များသည် လီမာမြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ တွေ့ဆုံမည်ဖြစ်ပါသည်။

















