သွင်းကုန် ကုန်စည်ပြပွဲ ပြတင်းပေါက်မှနေ ကမ္ဘာကြီးသည် တရုတ်နိုင်ငံက တန်ဖိုးရှိ ရှားပါးပစ္စည်းတစ်ရပ် ဆက်တိုက် ထောက်ပံ့ပေးနေသည်ကို မြင်တွေ့ခဲ့သည်

(GMT+08:00)2024-11-12 10:14:16  

  

သတ္တမ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ နိုင်ငံနှင့်ဒေသ ၁၂၉ ခုမှ လုပ်ငန်းကုမ္ပဏီ ၃၄၉၆ ခုသည် ကုန်စည်ပြပွဲတွင် ပါဝင် ပြသကာ ၎င်းတို့အနက် ကမ္ဘာ့ ထိပ်တန်း ၅၀၀ စာရင်းဝင် လုပ်ငန်းကုမ္ပဏီ အရေအတွက်သည် သမိုင်းစံချိန်သစ် တင်နိုင်ခဲ့ပြီး လုပ်ငန်းကုမ္ပဏီ ၁၈၆ ခုသည် ကုန်စည်ပြပွဲ ၇ ကြိမ်စလုံးတွင် ပါဝင်ပြသခဲ့ကြပါသည်။ ကုန်ပစ္စည်းအသစ်၊ နည်းပညာ အသစ်နှင့် ဝန်ဆောင်မှုအသစ် ၄၅၀ တို့ကို ပထမဆုံးအကြိမ် ကုန်စည်ပြပွဲတွင် ပြသခဲ့ပါသည်။

   တရုတ်နိုင်ငံက သွင်းကုန်ကုန်စည်ပြပွဲ အပါအဝင် အရည်အချင်းမြင့် တံခါးဖွင့်ရေး ပလက်ဖောင်များကို ဆက်တိုက် ဖန်တီးပေးနေပြီး ပြည်ဝင်မှု အဆင်ပြေစေရေး ဆောင်ရွက်ချက်များ ချမှတ်လာသည်နှင့်အမျှ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများသည် တရုတ်နိုင်ငံ ဖြစ်သည့် ဈေးကွက်ကြီး၌ ပိုမို များပြားသော ဖွံ့ဖြိုးရေး အခွင့်အလမ်းများကို ဆက်လက် ရှာကြံနိုင်မည် ဖြစ်ပါသည်။

   တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ဆန်းသစ်တီထွင်ရေးနှင့် ရှေ့တန်းပြေး ထုတ်ကုန်များ စုစည်းရာနေရာတစ်ခု ဖြစ်လာပါပြီ။ ယခုအကြိမ် ကုန်စည်ပြပွဲတွင် နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများက AIနည်းပညာသုံး အားကစားဖိနပ်၊ ဆက်တိုက် အသုံးပြုနိုင်သော ကုန်ကြမ်းပစ္စည်းဖြင့် ထုတ်လုပ်ထားသည့် အစိမ်းရောင် တာယာ၊ ဆန်းသစ် ဆေးဝါးများနှင့် ထိပ်ဆုံးနည်းပညာသုံး ဆေးကိရိယာများ စသည့် ရှေ့တန်းပြေး နည်းပညာ ထုတ်ကုန်ပစ္စည်းများကို ပြသခဲ့ကြပါသည်။ အမေရိကန် Ampaire ကုမ္ပဏီနှင့် တရုတ် ယုဖုန်းဝေ့လိုင် ကုမ္ပဏီတို့က ကုန်စည်ပြပွဲတွင် အကြီးဆုံးသော ထုတ်ကုန်ပစ္စည်း ဖြစ်သည့် ဝေဟင် တက္ကစီကို ပူးတွဲ ပြသခဲ့ပါသည်။

  မျက်မှောက်အချိန်တွင် နိုင်ငံခြား လုပ်ငန်းကုမ္ပဏီ အမြောက်အမြားက လာမည့် အကြိမ် ကုန်စည်ပြပွဲအတွက် ကြိုတင် အော်ဒါ တင်ထားပြီ ဖြစ်ပြီး အော်ဒါအသစ် စာချုပ် ချုပ်ထားသော ဧရိယာသည် စတုရန်းမီတာ ၁ သိန်း ကျော်သွားပါပြီ။ ယခုလ လကုန် ပိုင်းတွင် ဒုတိယ အကြိမ် ကွင်းဆက် ကုန်စည်ပြပွဲကိုလည်း ကျင်းပမည် ဖြစ်ပြီး ထုတ်လုပ်မှု ကွင်းဆက်နှင့် ထောက်ပံ့မှု ကွင်းဆက်ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက် မှုကို ဆက်လက် မြှင့်တင်သွားမည် ဖြစ်ပါသည်။ တံခါးဖွင့်ရေးသည် တရုတ် အသွင်ပုံစံ ခေတ်မီရေး ၏ ထင်ရှားသော အမှတ်အသား ဖြစ်သလို တရုတ်နိုင်ငံက ကမ္ဘာ ကြီးအား ထောက်ပံ့ပေး သည့် တန်းဖိုးရှိ ရှားပါးပစ္စည်းလည်း ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံ Grundfos ကုမ္ပဏီအုပ်စုမှ တရုတ်ပြည်ဆိုင်ရာ ဒါရိုက်တာချုပ် Markmann ပြောသလိုပင် တရုတ်နိုင်ငံ၏ တံခါးဖွင့် ရေးသည် နိုင်ငံခြားသားနှင့် နိုင်ငံခြားကုမ္ပဏီတိုင်းကို အကျိုး ခံစားစေနိုင်မည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖော်ပြထားပါသည်။