တရုတ်ရုပ်ရှင်ဖြင့် တရုတ်-အမေရိကန်ယဉ်ကျေးမှုဆက်ဆံရေးအား တွန်းအားပေး၍ နိုင်ငံတကာစျေးကွက်အတွက် ခွန်အားသစ်များ ဖြည့်သွင်းပေးခြင်း

(GMT+08:00)2024-11-12 19:59:53  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက်နေ့က ၄၅ ကြိမ်မြောက် အမေရိကန်ရုပ်ရှင်စျေးကွက် (American Film Market) ကို လပ်ဗီးဂပ်စ်မြို့၌ ပြီးဆုံးခဲ့ပြီး တရုတ်ရုပ်ရှင်များ အောင်မြင် စွာ ဖျော်ဖြေပြသခဲ့ပါတယ်။ ယင်းပွဲတော်ကာလတွင် တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းအုပ်စု ကော်ပိုရေးရှင်း (China Film Group Corporation) တရုတ်နိုင်ငံ ရုပ်ရှင်ပူးပေါင်းထုတ်လုပ်ရေး ကော်ပိုရေးရှင်း (China Film Co-Production Corporation) မှ “တရုတ်ရုပ်ရှင် ပူးပေါင်းပြသခန်း” ပူးပေါင်းစီစဉ်ပြီး တရုတ်နိုင်ငံပြည်တွင်းရုပ်ရှင်အဖွဲ့အစည်းကောင်း ၅၅ ခုကို စုစည်းကာ တရုတ်နိုင်ငံ ရုပ်ရှင်လောကရဲ့နောက်ဆုံးရ အောင်မြင်မှုများ စုစည်းတင်ဆက်ပြီး နိုင်ငံတကာရုပ်ရှင်စျေးကွက် အတွက် ခွန်အားသစ်များ ဖြည့်သွင်းပေးခဲ့ပါတယ်။

ယမန်နှစ်က ဆန်ဖရန်စစ္စကိုထိပ်သီးအစည်းအဝေးမှာ တရုတ်-အမေရိကန် ခေါင်းဆောင်များ ဟာ လူမှုယဉ်ကျေးမှုဆက်ဆံဖလှယ်ရေး သဘောတူညီချက်ကို ရရှိခဲ့ကြပါတယ်။ နှစ် နိုင်ငံအကြား လူမှုယဉ်ကျေးမှုဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်ရေးများ စဉ်ဆက် မပြတ် ပြုလုပ်ခဲ့ကြပါတယ်။ ယခုနှစ်မှာ တရုတ်ရုပ်ရှင်များ အထူးတိုးတက်လာခဲ့ပြီး မြောက်အမေရိကစျေးကွက်တွင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ မှတ်ချက်ကောင်းများရရှိခဲ့ပါတယ်။ အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကားများ အဆက်မပြတ် ပေါ်ထွက်လာခဲ့ပြီး အမေရိကန်ရုပ်ရှင်လောကရဲ့ မှတ်ချက်ကောင်းများရရှိကာ တရုတ်-အမေရိကန် ယဉ်ကျေးမှုဆက်ဆံဖလှယ်ရေးကို ပိုမိုတွန်းအားပေးလာပါတယ်။

ယခုအခါမှာ အမေရိကန်နိုင်ငံတွင် တရုတ်ရုပ်ရှင်ဇာတ်ကားကို တကူးတကလာရောက်ကြည့်ရှု ကြတဲ့ အမေရိကန်ပရိသတ်တွေပိုမိုများပြားလာပါပြီ။ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ရုပ်ရှင်ရုံတစ်ခုတွင် တရုတ်ရုပ်ရှင်ဇာတ်ကားကြည့်ပြီးတာ မကြာသေးတဲ့ အမေရိကန်နိုင်ငံက ရုပ်ရှင်ပရိသတ်တစ်ဦးဟာ တရုတ်ရုပ်ရှင်ဇာတ်ကားက အရည်အသွေးမြင့်မားပြီး အက်ရှင်ဇာတ်ကားများဟာ အလွန်ကောင်း ကြောင်းနဲ့ အမေရိကန်စျေးကွက်ကို တရုတ်ရုပ်ရှင်ဇာတ်ကားများ ပိုမိုဝင်ရောက်လာဖို့ မျှော်လင့် ကြောင်း သတင်းထောက်အား ပြောပြသွားခဲ့ပါတယ်။