တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၂ ရက်နေ့က စွန်ယက်ဆင် တက္ကသိုလ် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ခဲ့ပြီး ဆရာဆရာမ၊ ကျောင်းသူကျောင်းသားများနှင့် ပြည်တွင်းပြည်ပ ကျောင်းသား ဟောင်း များကို ထောမနာပြုခဲ့ပါသည်။
ယင်းဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က အစမှတ်အသစ်မှစ၍ စွန်ယက်ဆင် တက္ကသိုလ် သည် နိုင်ငံတော် အဓိက မဟာဗျူဟာများနှင့် ကွမ်တုန်း၊ဟောင်ကောင်၊ မကာအို ဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို အာရုံစိုက်ပြီး ပညာရေး ပြုပြင် ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနည်းပညာ ဆန်းသစ် တီထွင်မှုနှင့် လူရည် ချွန် ပြုစုပျိုးထောင်မှုများမြှင့်တင်ရန် ၊ တရုတ် ဝိသေသ လက္ခဏာပါရှိသော ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်တစ်ခု တည်ဆောက်မှုကို အရှိန်မြှင့်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့ ပါသည်။