မြောက်ကိုရီးယား နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ Kim Jong-unသည် ယခုလ ၁၁ရက်နေ့က စီမံအုပ်ချုပ်ရေး အမိန့်ကို လက်မှတ်ရေးထိုးပြီး ယခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ Pyongyangတွင် ချုပ်ဆိုခဲ့သော "မြောက်ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း၏ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ဆိုင်ရာ သဘောတူ စာချုပ်"ကို အတည်ပြုခဲ့သည်။
ယင်းစာချုပ်တွင် နှစ်နိုင်ငံတို့သည် ၎င်းတို့၏ အမျိုးသားဥပဒေပြုရေးနှင့် နိုင်ငံတကာ တာဝန် ဝတ္တရာများနှင့်အညီ နိုင်ငံတော်၏ အချုပ် အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည် တံ့ ပြည့်စုံမှုကို အပြန်အလှန် လေးစားခြင်း၊ ပြည်တွင်းရေးရာများ မစွက်ဖက်မှု၊ တန်းတူညီမျှမှု နှင့် အခြားသက်ဆိုင်ရာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကဲ့ သို့သော နိုင်ငံတကာဥပဒေအခြေခံမူ များအပေါ် အခြေခံ ၍ ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်း ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ စစ်ပွဲကို ကြိုတင်ကာကွယ်တားဆီးရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံပေးရန် အတွက် နှစ်ဖက်တို့သည် ပူးတွဲ လှုပ်ရှားမှု ဆောင်ရွက်ရေး ယန္တရားကို ထူထောင်ပြီး ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ရန် တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း သတ်မှတ်ထားသည်။
၄င်းစာချုပ်သည် နှစ်ဖက်တို့ ခွင့်ပြုလွှာ လဲလှယ်သည့် နေ့မှစ၍ အာဏာတည်မည် ဖြစ်ကြောင်း သတင်းအရ သိရသည်။