"၁၁-၁၁” အွန်လိုင်းစျေးဝယ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အမြန်ချောပို့ မီးရထား သယ်ယူပို့ဆောင်ရေး ပမာဏ သိသိသာသာ တိုးလာ

(GMT+08:00)2024-11-12 13:34:37  

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဘေကျင်း တောင်ရထားဘူတာရုံ၌ အလုပ်သမားများသည် G189 ရထားပေါ်သို့ အမြန်ချောပို့ ပစ္စည်းများ တင်ဆောင်ခဲ့ကြသည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ စပြီး "၁၁-၁၁” အွန်လိုင်းစျေးဝယ်မှု အထွတ်အထိပ်ကာလ အမြန်ချောပို့ မီးရထား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု စတင်ခဲ့သည့်နောက်ပိုင်း China Railway Express ဘေကျင်း တောင်ရထား ဘူတာရုံ ရုံးခွဲသည် တစ်ရက်လျှင် ပျမ်းမျှအားဖြင့်  အမြန်ချောပို့ ပစ္စည်း ၁၂၀၀ ကျော်၊ တန်ချိန် ၂၂ တန်ကျော် တင်ပို့ပြီး ပုံမှန်ထက် တစ်ဆ ပိုများပါသည်။ "၁၁-၁၁” အွန်လိုင်းစျေးဝယ်မှု အထွတ်အထိပ်ကာလအတွင်း မီးရထားဌာနသည် နေ့စဉ် မြန်နှုန်းမြင့် ခရီးသည်တင် ရထား အစင်းရေ ၁၅၀၀ ကျော်ကို အမြန်ချောပို့ မီးရထား သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက် စေပြီး သယ်ယူပို့ဆောင်ရေးကို ထိထိရောက်ရောက် အာမခံပေးခဲ့ပါသည်။