(၁၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာလေကြောင်းနှင့်အာကာသပြပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့၌ ဖွင့်လှစ်ကျင်းပပါသည်။ ယခုအကြိမ်ပြပွဲတွင် နိုင်ငံနှင့်ဒေသ ၄၇ ခုမှ လုပ်ငန်းကုမ္ပဏီ ၁၀၂၂ ခု ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းအနက် ပြည်ပမှပါဝင်ပြသသူ အရေအတွက်သည် ရှေ့တစ်ကြိမ်ပြပွဲထက် ၁၀၄% တိုးများလာသည်။ ရုရှား၊ ပြင်သစ်၊ အမေရိကန်၊ ဆော်ဒီအာရေဗျ၊ အီတလီ စသည့်နိုင်ငံများသည် ပြပွဲတက်ရောက်သည့်အဖွဲ့ ပုံစံဖြင့် ပါဝင်ဆင်နွှဲကြသည်။ ကမ္ဘာ့အထင်ကရလေကြောင်းကုမ္ပဏီအများအပြားက တရုတ်နိုင်ငံ လေကြောင်းပြပွဲကို စျေးကွက်အခွင့်အလမ်းအဖြစ် ရှုမြင်ကြသည်။
ယခုအကြိမ်ပြပွဲတွင် စံချိန်တင်မှုများစွာရှိလာခဲ့သည်။ ၎င်းအနက် ကျူးဟိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲ စင်တာတွင် ပြခန်းဆောင် ၁၃ ခုကို အသုံးပြုထားပြီး စင်တာအတွင်း ခင်းကျင်းပြသမှုဧရိယာ စတုရန်းမီတာ ၁၂၀၀၀၀ ရှိရာ ပထမအကြိမ် ပြပွဲ၏ ၁၅ ဆ ဖြစ်သည်။ အသစ်တိုးချဲ့တည်ဆောက်ထားသော ကျင်းဖုန့်ထိုင် ကြည့်ရှုမှုနေရာသည် သရုပ်ပြပျံသန်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုနိုင်သောနေရာ ဖြစ်သည်။
“သစ်လွင်မှု” သည် ယခုအကြိမ်လေကြောင်းပြပွဲ၏ ထူးခြားလက္ခဏာတစ်ရပ် ဖြစ်သည်။ ယခုအကြိမ်လေကြောင်းပြပွဲတွင် ဝေဟင်နိမ့်ပျံသန်းမှုစီးပွားရေးပြခန်း၊ လုပ်ငန်းသုံးလေယာဉ်လုပ်ငန်းပြခန်း၊ အရပ်ဘက်လေကြောင်းလုပ်ငန်းပြသမှုဧရိယာ၊ စီးပွားဖြစ်အာကာသလုပ်ငန်းပြသမှုဧရိယာ၊ ကုန်ကြမ်းပစ္စည်းသစ်နှင့် အသုံးပြုမှု ပြသမှုဧရိယာ၊ ရလဒ်များအသွင်ပြောင်းမှု ပြသမှုဧရိယာ၊ ပြည်နယ်နှင့်မြို့မှ ပြပွဲတက်ရောက်သည့်အဖွဲ့ ပြသမှုဧရိယာ စသဖြင့် အဓိကပြသမှုဧရိယာ (ပြခန်းဆောင်) ခုနစ်ခုကို ဖွင့်လှစ်ထားသည်။ ပြသမှုပစ္စည်းများသည် “ကုန်း၊ ရေ၊ လေ၊ အာကာသ၊ လျှပ်စစ်၊ ကွန်ရက်” ကဏ္ဍအားလုံးကို လွှမ်းခြုံထားပြီး ကမ္ဘာ့အဆင့်မြင့် “အဆင့်မြင့်သော၊ သပ်ရပ်တိကျသော၊ ထူးခြား၍အဆင့်မြင့်သော” ထုတ်ကုန်များစွာကို တစုတဝေးတည်းပြသထားသည်။
ပြပွဲတွင် ဖွင့်လှစ်ထားသော ဝေဟင်နိမ့်ပျံသန်းမှုစီးပွားရေးပြခန်းဆောင်တွင် ဝေဟင်နိမ့်ပျံသန်းမှုစီးပွားရေးနယ်ပယ်မှ သိပ္ပံနှင့်နည်းပညာကုမ္ပဏီများစွာ ပါဝင်ပြသရန် ဆွဲဆောင်နေပြီး ဝေဟင်နိမ့်ပျံသန်းမှုနယ်ပယ်ဆိုင်ရာ ထုတ်ကုန်ဝန်ဆောင်မှုများနှင့် ဆန်းသစ်တီထွင်မှုရှိသော အသုံးချမှုနေရာများကို တစုတဝေးတည်းပြသထားသည်။
ထို့ပြင် လေကြောင်းပြပွဲတွင် ဝေဟင်နိမ့်ပျံသန်းမှုစီးပွားရေး ဟူသည့် ခေတ်ရှေ့ပြေးအကြောင်းအရာများကိုဦးတည်၍ အစည်းအဝေးများ၊ ဖိုရမ်များ ကျင်းပပြီး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအနေအထားကို နက်နက်ရှိုင်းရှိုင်း အဓိပ္ပါယ်ဖွင့်ဆိုကာ ခေတ်ရှေ့ပြေးနည်းပညာများ၏ရလဒ်များကို မျှဝေကြသည်။ B2B စီးပွားရေးဆွေးနွေးပွဲ၊ ပါဝင်ပြသသူများ၏ တင်ဆက်သရုပ်ပြမှု၊ အရေးကြီးသောစာချုပ်ချုပ်ဆိုမှု စသည့်အစီအစဉ်များမှတစ်ဆင့်လည်း နည်းပညာကူးလူးဖလှယ်မှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုရှိသောပလက်ဖောင်းကို တက်တက်ကြွကြွ တည်ဆောက်ကြသည်။