နိုဝင်ဘာလ ၁၁ ရက်နေ့ တရုတ် ပြည်သူ့လေတပ်တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခါသမယတွင် ၁၅ကြိမ်မြောက် ကျူးဟိုင် လေကြောင်းပြပွဲကို ကွမ်တုန်းပြည်နယ် ကျူးဟိုင် မြို့၌ စတင် ကျင်းပပါသည်။ "၈.၁" လေတပ် ပျံသန်းရေး သရုပ်ပြအဖွဲ့သည် ကျူးဟိုင်နိုင်ငံတကာလေကြောင်းပြပွဲစင်တာတွင် အံ့သြဖွယ်ကောင်းသော ဖျော်ဖြေ တင်ဆက်မှုများ ဖြင့် ပြည်သူ့လေတပ်တည်ထောင်ခြင်း ၇၅ နှစ်ပြည့် ကို ဂုဏ်ပြုထားပါသည်။















