နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်အစိုးရက တရုတ်နိုင်ငံ တောင်ပင်လယ်ရှိ ကျွန်းနှင့် သန္တာ ကျောက်တန်း အစိတ်အပိုင်း၏ စံကိုက် အမည်များကို ထုတ်ပြန်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဟွမ်ယန်ကျွန်းသည် တရုတ်နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေ ဖြစ်ပြီး တရုတ်အစိုးရသည် "ကုလသမဂ္ဂ ပင်လယ်ရေးရာ ဥပဒေ အထွေထွေ သဘောတူစာချုပ်" အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် "တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပိုင်နက် ပင်လယ်နှင့် ဆက်စပ်ဒေသ ဥပဒေ"အရ ဟွမ်ယန်ကျွန်း၏ ပင်လယ်ပိုင်နက် baseline ကို သတ်မှတ် ထုတ်ပြန်ခဲ့ခြင်းသည် တရုတ်အစိုးရက ဥပဒေနှင့်အညီ ပင်လယ်ရေးရာ စီမံအုပ်ချုပ်မှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက် ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီကြောင်း၊ ဖိလစ်ပိုင်မှ "ပင်လယ်ပိုင်နက်ဥပဒေ" ဆိုတာကို ထုတ်ပြန်ခြင်းသည် တရုတ်နိုင်ငံ၏ တောင်ပင်လယ်၌ နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြင်းထန်စွာ ကျူးလွန် ထိပါး ကာ ၎င်းအား တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ လိုအပ်သော ဆောင်ရွက်ချက်များကို ဆက်လက် ပြုလုပ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်မှ ထုတ်ပြန်ခဲ့သော "ပင်လယ်ပိုင်နက်ဥပဒေ" ဆိုတာ တရုတ်နိုင်ငံ၏ တောင်ပင်လယ်၌ နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်ဆိုင်ရာ အခွင့်အရေးများကို ပြင်းထန်စွာ ကျူးလွန် ထိပါးကာ၊ ၎င်းအား တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
(GMT+08:00)2024-11-11 13:05:30