ဖိလစ်ပိုင်၏ "ဥပဒေဆိုး" နောက်ကွယ်မှ နိုင်ငံရေး ကြံဆမှုများ

(GMT+08:00)2024-11-10 09:44:34  

   နိုဝင်ဘာလ ၈ ရက်နေ့က ဖိလစ်ပိုင်သမ္မတ Marcos သည် "ပင်လယ်နယ်မြေ ဥပဒေကြမ်း" ၊ "archipelago နှင့် ပင်လယ်လမ်းများ ဥပဒေကြမ်း" ဆိုတာကို လက်မှတ်ရေးထိုးပြီး တရုတ်နိုင်ငံ၏ ဟွမ်ယန်ကျွန်းနှင့် နန်ရှား ကျွန်းစု၏ ကျွန်း၊ သန္တာ ကျောက်တန်း အများစုနှင့် သက်ဆိုင်ရာ ပင်လယ်နယ်မြေကို ဖိလစ်ပိုင် ပင်လယ် ရေပိုင်နက် အတွင်းသို့ တရားမဝင် ထည့်သွင်းခဲ့ပြီး ပြည်တွင်းဥပဒေပြုရေးနည်းလမ်းဖြင့် တောင် ပင်လယ် ဆိုင်ရာ တရားမဝင် အနုညာတ စီရင်ဆုံးဖြတ်မှုကို ခိုင်မာစေရန် ကြံဆနေသည်။

   ဖိလစ်ပိုင်၏ "ပင်လယ်နယ်မြေ ဥပဒေကြမ်း"ဆိုတာကို တင်ပြခဲ့ခြင်းမှ နောက်ဆုံး လက်မှတ်ရေးထိုးခဲ့ခြင်းအထိ စုစုပေါင်း ၁၃ နှစ် ကြာမြင့်ပြီး "archipelago နှင့် ပင်လယ်လမ်းများ ဥပဒေကြမ်း"  ဆိုတာကို တင်ပြခဲ့ခြင်းမှ နောက်ဆုံး လက်မှတ် ရေးထိုး ခဲ့ခြင်း အထိလည်း အချိန်တော်တော် ကြာမြင့်ခဲ့သည်။ အဘယ်ကြောင့် ယခုအချိန်တွင် လက်မှတ်ရေးထိုးရန် ရွေးချယ်ခဲ့သနည်း။ ဖိလစ်ပိုင်က အမေရိကန်၏ သမ္မတ ရွေးကောက်ပွဲ ရလဒ် ပေါ်လာခဲ့သည့် ဒုတိယနေ့တွင် အထက်ပါ ဥပဒေကြမ်း နှစ်ခုကို လက်မှတ် ရေးထိုး ခဲ့ခြင်းသည် တိုက်ဆိုင်မှု မဟုတ်ဘဲ တမင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ အခြေအနေ မတည်မငြိမ် ဖြစ်မှုနှင့် အမေရိကန်၏ ရွေးကောက်ပွဲ ရလဒ် ပေါ်ထွက်ခါစ အချိန်အခါကို အသုံးချပြီး ဥပဒေကြမ်း လက်မှတ်ရေးထိုးခြင်းကြောင့် ဖြစ်စေနိုင်မည့် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ ဖိအားများကို လျော့နည်းစေရန်၊ ၎င်း၏ တောင်ပင်လယ်တွင် တရားမဝင် လုပ်ဆောင်ချက်များကို တရားဝင် ဖြစ်စေဖို့ ကြံဆပြီး ဤသို့ဖြင့် လာမည့်အကြိမ် အမေရိကန် အစိုးရက တောင်ပင်လယ် ရေးရာတွင် ဖိလစ်ပိုင်အား ဆက်လက် ထောက်ခံစေဖို့ ဖိအားပေးရန်၊ တစ်ချိန်တည်းတွင် လာမည့်အကြိမ် အမေရိကန် အစိုးရအား မျက်နှာချိုသွေးပြီး အမေရိကန်၏ သဘောထားကို စူးစမ်းရန်တို့ ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ဖော်ပြထားပါသည်။

   ဖိလစ်ပိုင်၏ ကြံဆမှုသည် အထမမြောက်နိုင်မှာ သေချာပါသည်။ ယင်း ဥပဒေကြမ်း နှစ်ခုသည် တရုတ်နိုင်ငံ၏ တောင်ပင်လယ်တွင် နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ် ဆိုင်ရာ အခွင့်အရေးကို ပြင်းထန်စွာ ကျူးလွန်ခဲ့ပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်းပါ အရေးကြီးမူများကို ချိုးဖောက်ကာ နိုင်ငံတကာ ဥပဒေကိုလည်း ဖျက်ဆီး၍ တရားမဝင်တာ၊ အာဏာ မတည်တာပင် ဖြစ်သည်။

   ဖိလစ်ပိုင် အနေနှင့် တရုတ်နိုင်ငံ၏ နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကျူးလွန်သည့် တရားမဝင် လုပ်ရပ်များကို ချက်ချင်း ရပ်တန့်ပြီး တောင်ပင်လယ် အငြင်းပွားမှု တိုးချဲ့စေနိုင်သည့်၊ တောင်ပင်လယ် အခြေအနေ ရှုပ်ထွေးစေနိုင်သည့် တစ်ဖက်သတ် ဆောင်ရွက်မှုများကို ချက်ချင်း ရပ်တန့်ရန် သတိပေးထားပါသည်။ ဖိလစ်ပိုင်က  "ဥပဒေဆိုး" အရ တောင်ပင်လယ်တွင် ဆက်လက် ရန်စပါက တရုတ်နိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်ပါမည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။