ပါကစ္စတန် မီးရထားဘူတာရုံတစ်ခု ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၄ ဦး သေဆုံး

(GMT+08:00)2024-11-10 10:38:37  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Baluchistan ပြည်နယ် Quettaမြို့တော် ရှိ မီးရထား ဘူတာရုံ တစ်ခု၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် ဆေးဘက်နှင့် ရဲဘက်မှ သတင်းအရ သိရပါသည်။ ယင်းပေါက်ကွဲမှုသည် ရထားဘူတာရုံအတွင်းရှိ ပလက်ဖောင်းတစ်ခုပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး ပေါက်ကွဲမှု၏ အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းအရ သိရှိရသည်။