ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတ Prabowo နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-11-10 11:06:58  

နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း မြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည် လာသော အင်ဒိုနီးရှား သမ္မတ Prabowo နှင့် တွေ့ဆုံခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အင်ဒိုနီးရှား အစိုးရသစ်နှင့်အတူ အတိတ်ကိုဆက်ခံပြီး အနာဂတ်ကို ဖန်တီးရန်၊ ‌ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သြဇာညောင်းမှု ရှိသော ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံကြီးများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေး အခန်းကဏ္ဍ သစ်ကို ဆက်လက် ဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနှင့်အတူ ပိုမို ရင်းနှီးသော နိုင်ငံစုံ မဟာဗျူဟာ ညှိနှိုင်းမှုကို ဆောင်ရွက်ရန်၊ တစ်ဖက် သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆန့်ကျင်ရန်၊ တန်းတူညီတူ စည်းစနစ်ကျသော multi-polarizationနှင့် ဘက်ပေါင်းစုံ အကျိုးရှိစေပြီး သက်ညှာထောက်ထားသော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေးရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပူးပေါင်းကာကွယ်စောင့်ရှောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Prabowo က G-20 အပါအဝင် နိုင်ငံစုံ မူဘောင်အတွင်း တရုတ်နိုင်ငံနှင့် ပိုမို ရင်းနှီးစွာ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ရန်၊ ကမ္ဘာ့တောင်ဖက်ခြမ်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့၊ multi-polarizationကို တွန်းအားပေးဖို့၊ လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးဖို့ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။