နိုဝင်ဘာလ ၈ရက်နေ့သည် တရုတ်နိုင်ငံမှ တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၉နိုင်ငံအပေါ် ဗီဇာကင်းလွတ်ရေးပေါ်လစီ စမ်းသပ်ကျင့်သုံးရန် အသက်ဝင်သော ပထမနေ့ဖြစ်ပါသည်။ တရုတ်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး Yuh Pok-keunက တောင်ကိုရီးယားအစိုးရသည် အဆိုပါ ပေါ်လစီကို အထူးကြိုဆိုကြောင်း ၊ အဆိုပါ ပေါ်လစီသည် နှစ်နိုင်ငံ စီးပွားရေး၊ ငွေရေးကြေးရေး၊ ယဉ်ကျေးမှု ခရီးသွားလာရေးနှင့် အခြား နယ်ပယ် များဆိုင်ရာ ကူးလူးဖလှယ်မှုအတွက် တွန်းအားပေးကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ရေးပေါ်လစီသည် နှစ်နိုင်ငံကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက် တွန်းအားပေးသည်ဟု တရုတ်နိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးမှ စီးပွားရေးသံမှူးကြီးကဆို
(GMT+08:00)2024-11-10 12:12:29