မကြာမီက တရုတ်ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အမိန့်ကို လက်မှတ်ရေးထိုးပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်အသက်ဝင်မည့် “တပ်မတော် လက်နက်ပစ္စည်းများ ထောက်ပံ့ရေး စည်းမျဉ်း”ကို ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ စည်းမျဉ်းတွင် စနစ်သစ်နှင့်ဖွဲ့စည်းမှုသစ်တွင် တပ်မတော် လက်နက်ပစ္စည်းများ ထောက်ပံ့ရေး လုပ်ငန်းစနစ်ကို စံပြုသတ်မှတ်ပြီး အဆင့်ဆင့်သော လက်နက်ပစ္စည်းများ ထောက်ပံ့ရေးဌာနများ၏ လုပ်ငန်းတာဝန်ကို ရှင်းလင်းစွာ သတ်မှတ်ထား ကာ တပ်မတော် လက်နက်ပစ္စည်းများ ထောက်ပံ့ရေးလုပ်ငန်း၏ ဆန်းသစ်တီထွင်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ထားကြောင်း သတင်းအရ သိရှိရသည်။