ရုရှား-မြောက်ကိုရီးယား ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို ပူတင်က အတည်ပြု လက်မှတ်ရေးထိုး

(GMT+08:00)2024-11-10 10:38:17  

နိုဝင်ဘာလ ၉ ရက်နေ့က ရုရှားသမ္မတ ပူတင်သည် အစောပိုင်းက ရုရှားနှင့်မြောက်ကိုရီးယားတို့ လက်မှတ်ရေးထိုးခဲ့သော "ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်" ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းစာချုပ်တွင် နှစ်ဖက်တို့သည် ၎င်းတို့၏ နိုင်ငံတော်ဥပဒေပြုရေးနှင့် နိုင်ငံတကာ တာဝန်ဝတ္တရားများအပေါ် မူတည်ပြီး နိုင်ငံတော်၏ အချုပ် အခြာ အာဏာပိုင်မှုနှင့် နယ်မြေ မကျူးကျော်ရမှုကို အပြန်အလှန် လေးစားခြင်း၊ ပြည်တွင်း ရေးရာ များ မစွက်ဖက်ခြင်း၊ တန်းတူညီမျှခြင်း စသည့်မူအခြေခံပေါ်တွင် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ရေရှည် ထိန်းသိမ်းထားကြောင်း၊ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ သတင်း အချက်အလက် လုံခြုံရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြောင်း  ပြ ဋ္ဌာန်း ထားပါ သည်။