China Media Group (CMG) နှင့် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပြည်သူ့အစိုးရတို့ ပူးပေါင်းကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်ကို နိုဝင်ဘာလ ၈ ရက်နေ့က ကွမ်ရှီးဒေသ ကွေ့လင်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အခမ်းအနားတွင် တရုတ်နှင့် အာဆီယံနိုင်ငံမှမီဒီယာများသည် ကွေ့လင်မြို့မှ ကမ္ဘာ့အဆင့်မီခရီးသွားမြို့တော် ကုန်အမှတ်တံဆိပ်ဖန်တီးမှုကို ပူးပေါင်းမိတ်ဆက်ဖြန့်ဝေကြပြီး ကမ္ဘာကြီးအား ကွေ့လင်မြို့အကြောင်း ပိုမိုသိရှိလာစေရန်၊ ကွမ်ရှီးဒေသကို အာရုံစိုက်လာစေရန်၊ တရုတ်နိုင်ငံကို နှစ်သက်မြတ်နိုးလာစေရန် ဆောင်ရွက်မည်ဖြစ်သည်။