နိုဝင်ဘာလ ၈ ရက်နေ့ညက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီသမ္မတ Sergio Mattarella နှင့်အတူ ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ နိုင်ငံရပ်ခြားမှ တရုတ်ပြည်သို့ ပြန်လည် ပေးအပ်သော ရှေးဟောင်းပစ္စည်းများကို ကြည့်ရှုခဲ့ကြသည်။
ရှီကျင့်ဖိန်က မိမိ၏ ၂၀၁၉ခုနှစ် အီတလီ ခရီးစဉ်အတွင်း နိုင်ငံခြားသို့ တရားမဝင် ရောက်ရှိနေ သော တရုတ် ရှေးဟောင်းပစ္စည်း ၇၉၆ ခုကို အီတလီနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေး မှုအမွေအနှစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် သမိုင်းမှတ်တိုင်သစ် တစ်ခုကို ထူထောင်ကာ ရှေးဟောင်ပစ္စည်းများ တောင်းဆိုမှုနှင့် ပြန်လည်ပေးအပ်မှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာသစ်တစ်ခု ထူပြခဲ့ကြောင်း၊ ယခုအကြိမ် အီတလီက ရှေးဟောင်းပစ္စည်း ၅၆ ခုကို တရုတ်နိုင်ငံအား ပြန်လည်ပေးအပ်ခြင်းသည် တရုတ် ရှေးဟောင်း အမွေအနှစ် အပေါ် လေးစားမှုကို ပြသထားပြီး တရုတ်-အီတလီ ချစ်ကြည်ရေး၏ ထင်ရှားသော ဥပမာ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။