တင်ရွှေရှန်သည် စင်ကာပူသို့ သွားရောက် ခရီးလှည့်လည်ပြီး တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေး စနစ် အစည်းအဝေးများကို ကြီးမှူးကျင်းပမည်၊ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ်အဖြစ် အာဇာဘိုင်ဂျန်သို့ သွားရောက်ပြီး နိုင်ငံတကာ ထိပ်သီး ခေါင်း ဆောင် များ ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး အာဇာဘိုင်ဂျန်၌ ခရီးလှည့်လည်မည်

(GMT+08:00)2024-11-09 13:16:09  

   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စင်ကာပူ ဒုတိယ ဝန်ကြီးချုပ် ကန်ကင်ယုံ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်ရွှေရှန်သည် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ စင်ကာပူသို့ ခရီး လှည့်လည်မည် ဖြစ်ပြီး စင်ကာပူ ဒုတိယ ဝန်ကြီးချုပ် ကန်ကင်ယုံနှင့် အတူ တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ အကြိမ် ၂၀ မြောက် အစည်းအဝေး၊ တရုတ်နှင့် စင်ကာပူ စူးကျိုး စက်မှုဇုန် ပူးတွဲ ညှိနှိုင်းရေးကောင်စီ ၂၅ ကြိမ်မြောက် အစည်းအဝေး၊ တရုတ်နှင့် စင်ကာပူ ထျန်ကျင်းမြို့ ဂေဟစနစ်စီးတီး ပူးတွဲ ညှိနှိုင်းရေးကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးနှင့် တရုတ်နှင့် စင်ကာပူ (ချုံချင့်မြို့) မဟာဗျူဟာ အပြန်အလှန် ဆက်သွယ်ရေး စံပြလုပ်ငန်းစဉ် ပူးတွဲ ညှိနှိုင်းရေးကောင်စီ အဋ္ဌမ အကြိမ် အစည်း အဝေးများကို ပူးတွဲ ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း၊ အာဇာဘိုင်ဂျန် သမ္မတ အာလီယဲ့ဗ်၏ ဖိတ်ကြားချက်အရ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်ရွှေရှန်သည် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ အာဇာဘိုင်ဂျန်သို့ သွားရောက်ပြီး နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်များ ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး အာဇာဘိုင်ဂျန် ဒုတိယ ဝန်ကြီးချုပ် မူစတာဖာယဲ့ဗ်၏ ဖိတ်ကြားချက်အရ အာဇာဘိုင်ဂျန်သို့ ခရီးလှည့်လည်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။