တရုတ်-အာဆီယံ “Gen Z” လူငယ်ပွဲတော်နှင့် ချစ်ကြည်ရေး ဘတ်စကတ်ဘော ပြိုင်ပွဲကျင်းပ

(GMT+08:00)2024-11-09 12:02:11  

ယူနန် နိုဝင်ဘာ  ၈

တရုတ်-အာဆီယံ “Gen Z” လူငယ်ပွဲတော်နှင့် ချစ်ကြည်ရေး ဘတ်စကတ်ဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်းခေါစီရင်စုရှိ ဟုန်းခေါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် တရုတ်တိုင်းရင်းသားရိုးရာ အကဖြင့်   ဖျော်ဖြေခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဗီဒီယို မက်ဆေ့ပေးပို့ခဲ့သည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့သံတမန်ရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က မိန့်ခွန်းအသီးသီး ပြောကြားခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူတို့က တရုတ်-အာဆီယံ “Gen Z” လူငယ်ပွဲတော်နှင့် ချစ်ကြည်ရေး ဘတ်စကတ်ဘော ပြိုင်ပွဲအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့  သည်။ ယင်းနောက် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသည့် အာဆီယံနိုင်ငံများမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် Asia-Pacific မှ သတင်းထောက်များက ပွဲတော်အတွင်း ပြသထားသည့် တရုတ်တိုင်းရင်းသား ရိုးရာပြခန်းများ၊ တက္ကသိုလ်ကျောင်းများမှ ပြသထားသည့် ပြခန်းများ၊ အာဆီယံနိုင်ငံများမှ ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကာ တရုတ်နှင့် အာဆီယံ နိုင်ငံများမှ ကျောင်းသားများ၏ ချစ်ကြည်ရေး ဘတ်စ ကတ် ဘောယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအား ပေးခဲ့သည်။  



အဆိုပါပွဲတော်သည် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖလှယ်ရေးနှစ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ “Gen Z”  လူငယ်များအကြား ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရေး ပလက်ဖောင်း တစ်ခုတည်ဆောက်ရန်နှင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းအဆင့်ကို စဉ်ဆက်မပြတ်တိုးမြှင့်စေရန် ရည်ရွယ်ပြီး အစားအသောက်နှင့် ယဉ်ကျေးမှုပွဲတော်များ၊ ဘတ်စကတ်ဘောချစ်ကြည်ရေးပြိုင်ပွဲများ အစရှိသည့် ယဉ်ကျေးမှုဖလှယ်ပွဲများ ကျင်းပခြင်းဖြစ်ကာ တရုတ်နှင့်အာဆီယံနိုင်ငံများမှ လူငယ်များအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပေါင်းကူး တံတားတစ်ခုကို တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဝေယံ(သုတေသန)