နိုဝင်ဘာလ ၈ရက်နေ့ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အီတလီ နိုင်ငံသမ္မတ Mattarellaနှင့်အတူ ဘေကျင်းမြို့၌ ကျင်းပသည့် တရုတ်-အီတလီ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်ကွန်ဖရင့်နှင့် တရုတ်-အီတလီ တက္ကသိုလ် ကျောင်းအုပ်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နှစ်ဖက်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က နှစ်ဖက်တို့အနေနှင့် လက်တွဲကြိုးပမ်းပြီး ပိုမို များပြားသော ပုဂ္ဂိုလ်များ တရုတ်-အီတလီ ချစ်ကြည်ရေးပူးပေါင်း ဆောင်ရွက်မှုကို လက်တွေ့ကျ ဖော်ဆောင်ပေးသူ၊ အရှေ့တိုင်းနှင့် အနောက်တိုင်းယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှု တွန်းအားပေးသူနှင့် လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှုတွင် ပါဝင်ဆောင်ရွက် သူများ ဖြစ်လာစေဖို့ တွန်းအားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နှင့်အီတလီ၏ အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ် ပေးနိုင်ရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့ ပါသည်။
Mattarellaက နှစ်ဖက်တို့သည် အတွေ့အကြုံများကို စုစည်းပြီး ချစ်ကြည်ရေးကို ဆက်ခံကာ ပိုမိုများပြားသော လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး ပေါင်းကူးတံတားများကို ခင်းကျင်းပေးသင့်ကြောင်း၊ ညီညွတ်မှုများ အားကောင်းစေကာ ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ပြီး အီတလီ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ် ချပေးရမည် ဖြစ် ကြောင်း ပြောကြားခဲ့ ပါသည်။