နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ယခုနှစ်များ အတွင်း အားအကောင်းဆုံးသော ကြွေးမြီပြဿနာ ဖြေရှင်းရေး ဆောင်ရွက်ချက်ကို စိစစ် အတည်ပြုခဲ့ပြီး ဒေသခံအစိုးရများ၏ ကြွေးမြီ ကန့်သတ်ချက် ပမာဏ ယွမ် ဘီလီယံ ၆၀၀၀ ကို တိုးပေးမည် ဖြစ်သည်။
အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေး ဝန်ကြီး လန်ဖိုအန်က ၂၀၂၄ ခုနှစ်မှစပြီး တရုတ်နိုင်ငံသည် ငါးနှစ်ဆက်တိုက် နှစ်စဉ် အသစ်တိုးလာသော ဒေသခံ အစိုးရများ၏ သီးသန့် ငွေချေးစာချုပ်များထဲတွင် ယွမ် ဘီလီယံ ၈၀၀ ကို စီစဉ်ပြီး ကြွေးမြီ ပြဿနာကို ဖြေရှင်းရန် အတွက် အသုံးပြုမည် ဖြစ်ကာ စုစုပေါင်း ဖြစ်နိုင်ဖွယ်ရာ ယွမ် ဘီလီယံ ၄၀၀၀ ကြွေးမြီ ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှ အတည်ပြုခဲ့သည့် ကြွေးမြီ ကန့်သတ်ချက် ပမာဏ ယွမ် ဘီလီယံ ၆၀၀၀ ကို ဖြည့်သွင်းပါက ဒေသခံအစိုးရများ၏ ကြွေးမြီပြဿနာ ဖြေရှင်းရေးဆိုင်ရာ ငွေကြေး ယွမ် ဘီလီယံ ၁ သောင်း တိုးလာစေမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။